ရန်ကုန်၊ ဇန်နဝါရီ ၁၆ မကွေးတိုင်းအောင်လံမြို့နယ်၊ ပျဉ်းပင်လှကျေးရွာ အုပ်ချုပ်ရေးမှူး သန်းလွင်က ကျေးရွာတစ်ရွာလျှင် စစ်မှုထမ်းကြေး သိန်း ၁၀၀ တောင်းခံပြီး မသန်စွမ်း ကိုသီဟနိုင်ကို ဖမ်းဆီးစစ်ထဲထည့်လိုက်ကြောင်း ဒေသပြည်သူများနှင့် မသန်စွမ်း ကိုသီဟနိုင်၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောင်လံမြို့နယ်၊ ကွမ်းလောင်းကုန်းကျေးရွာ၊ ကွမ်းလောင်းရေကျေးရွာနှင့် ပျဉ်းပင်လှ ကျေးရွာ ၃ ခု၏ အုပ်ချုပ်ရေးမှူး သန်းလွင်က ကျေးရွာများတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ မလုပ်ဆောင်လိုပါက တစ်လလျှင် ငွေကျပ် သိန်း ၁၀၀ စစ်မှုထမ်းကြေးကောက်ခံလျက်ရှိကြောင်း၊ ထိုသို့ ကောက်ခံနေသည့်ကြားမှ ပျဉ်းပင်လှကျေးရွာမှ မသန်စွမ်း ကိုသီဟနိုင်ကို စစ်တပ်က စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရှိရသည်။ “အုပ်ကြီး သန်းလွင်နဲ့ ရာအိမ်မှုးဇော်ဝမ်းက ရဲတွေနဲပပေါင်းပြီး ကွမ်းလောင်းကုန်းကျေးရွာ […] The post အောင်လံ၊ ပျဉ်းပင်လှကျေးရွာ အုပ်ချုပ်ရေးမှူး သန်းလွင်က ကျေးရွာတစ်ရွာလျှင် စစ်မှု ထမ်းကြေး သိန်း ၁၀၀ တောင်းခံပြီး မသန်စွမ်း ကိုသီဟနိုင်ကို ဖမ်းဆီး စစ်တပ်ထဲသွင်း appeared first on Khit Thit Media .