ကနီနှင့် ဝက်လက် မြို့နယ်တို့တွင် စစ်ဘေးရှောင် ပြည်သူများရှိရာနေရာ နှင့် ဘုန်းကြီးကျောင်းကို စစ်တပ်က လက်နက်ကြီး၊ Gyrocopter တို့ဖြင့် တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၆ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ရှမ်းမြောင်းရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် သံဃာတော်များ ထိခိုက်ဒဏ်ရာရပြီး ကျောင်းဆောင်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများနှင့် ကနီမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ကနီမြို့နယ်ရှိ ရှမ်းမြောင်းရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က Gyrocopter ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း သံဃာတော် ၂ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။ “သူတို့ ဗုံးကျဲတဲ့နေရာက စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာပါ။ ဘုန်းကြီးကျောင်းဗျ။ အတိကျ‌ […] The post ကနီနှင့် ဝက်လက် မြို့နယ်တို့တွင် စစ်ဘေးရှောင် ပြည်သူများရှိရာနေရာ နှင့် ဘုန်းကြီးကျောင်းကို စစ်တပ်က လက်နက်ကြီး၊ Gyrocopter တို့ဖြင့် တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံး appeared first on Khit Thit Media .