Credit to Popular Journal - ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို(María Corina Machado) က သူမရရှိထားသော နိုဘယ်လ်ငြိမ်းချမ်းရေး ဆုကို ကြာသပတေးနေ့က အိမ်ဖြူတော်တွင် ပြုလုပ်သည့် သီးသန့်တွေ့ဆုံပွဲ၌ သမ္မတ ဒေါ်နယ်ထရမ့်ထံ ပေးအပ်ခဲ့ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ ထရန့်နှင့် ပထမဆုံးအကြိမ် လူကိုယ်တိုင် တွေ့ဆုံပြီးနောက် “ဒီနေ့ဟာ ကျွန်မတို့ ဗင်နီဇွဲလားပြည်သူတွေအတွက် သမိုင်းဝင်နေ့တစ်နေ့လို့ ထင်ပါတယ်” ဟု သူမက ဆိုသည်။ အမေရိကန်တပ်ဖွဲ့များက ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ကာရာကပ်စ်မြို့၌ ဖမ်းဆီးထိန်းသိမ်းပြီးနောက် သီတင်းပတ်များအတွင်း ထရမ့်သည် ၂၀၂၄ ခုနှစ် အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲတွင် အနိုင်ရသည်ဟု ကြေညာထားသော မာချာဒို၏ လှုပ်ရှားမှုကို အသိအမှတ်ပြု ထောက်ခံရန် ငြင်းဆန်ထားသည်။ ထရန့်သည် […] The post ဗင်နီဇွဲလား နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်က သူမ၏ဆုကို ထရမ့်ထံ ပေးအပ် appeared first on Popular .