ဘန်ကောက်လေထုညစ်ညမ်းမှု ယနေ့ နံနက်မြင်ကွင်း

Credit to Popular Journal - ထိုင်းနိုင်ငံ၏ မြို့တော်ဘန်ကောက်ရှိ လေထုညစ်ညမ်းမှုသည် ကျန်းမာရေးနှင့် မညီညွတ်သော အဆင့်တွင် ရှိနကြောင်းယမန်နေ့ကကြေငြာခဲ့သည်။ ယနေ့ ဇန္နဝါရီ ၁၆ နံနက် ၈ နာရီက ဘန်ကောက်မြို့လေထု မြင်ကွင်းကို ဖေါ်ပြအပ်ပါသည်။အပြင်ထွက်မည်ဆိုပါက နှာခေါင်းစည်းများတပ်ဆင်ဖို့ နိုးဆော်ပါသည်။ နေရာအများအပြားတွင် ကျန်းမာရေးနှင့် မညီညွတ်သည့် အဆင့်သတ်မှတ်မှုသို့ ရောက်ရှိသွားပြီး၊ မြို့တွင်း ခရိုင်လေးခုတွင် ပီအမ် ၂.၅ အဆင့် “အနီရောင်” ဇုန်ဖြစ်နေသည်။ မော်တော် ယာဉ်များ ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုဆိုးရွားလာခြင်း နှင့် မြို့တွင်း ဆောက်လုပ်ဆဲ လုပ်ငန်းများ ကြောင့်လည်း ပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်သည်။ The post ဘန်ကောက်လေထုညစ်ညမ်းမှု ယနေ့ နံနက်မြင်ကွင်း appeared first on Popular .