ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ ညပိုင်းဖူးမြှော်ချိန်အား ဇန်နဝါရီ ၂၀ ရက်မှစ၍ ည ၉ နာရီအထိ ထပ်မံတိုးမြှင့်

Credit to Popular Journal - ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ ဘုရားဖူးမြှော်ချိန်အား နေ့စဥ် နံနက် ၅ နာရီမှ ည ၈ နာရီအထိ စီစဥ်သတ်မှတ်ထားကြောင်း စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။ ထိုသို့ သတ်မှတ်ထားသော်လည်း စေတီတော်မြတ်ကြီးအားလာရောက်ဖူးမြှော်သည့် ပြည်တွင်း/ပြည်ပဘုရား ဖူးများ စိတ်အေးချမ်းသာစွာဖူးမြှော်နိုင်စေရန် လာမည့် ဇန်နဝါရီ ၂၀ ရက်မှစတင်၍ ည ၉ နာရီအထိ အချိန်တစ်နာရီထပ်မံတိုးမြှင့်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား လာရောက်ဖူးမြှော်ကြသည့် ပြည်တွင်း/ပြည်ပဘုရားဖူးများအနေဖြင့် ဇန်နဝါရီ ၂၀ ရက်မှစတင်ကာ နေ့စဥ် နံနက် ၅ နာရီမှ ည ၉ နာရီအထိ ဖူးမြှော်နိုင်တော့မည်ဖြစ် ကြောင်း သိရသည်။ The post ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ ညပိုင်းဖူးမြှော်ချိန်အား ဇန်နဝါရီ ၂၀ ရက်မှစ၍ ည ၉ နာရီအထိ ထပ်မံတိုးမြှင့် appeared first on Popular .