Credit to Popular Journal - DEMU ရထားတွဲဆိုင်းအသစ်ဖြင့် ပြေးဆွဲလျက်ရှိသော နေပြည်တော်-ရန်ကုန် အမြန်မီးရထားတွင် တွဲဆိုင်း ၆ ခုပါဝင်ကာ အထက်တန်းတွဲ ၂ တွဲနှင့် ပထမတန်း ၄ တွဲဖြစ်ကြောင်းသိရသည်။ ထိုင်ခုံအစွပ်အဖြူမှာ အထက်တန်းတွဲဖြစ်၍ ထိုင်ခုံအစွပ်အပြာမှာ ပထမတန်းဖြစ်သည်။ အထက်တန်းတွဲအတွက် တစ်ဦးကို ၂၈၀၀၀ ကျပ်နှုန်းဖြင့်ရောင်းချကာ၊ ပထမတန်းကိုမူ ၁၉၀၀၀ ကျပ်နှုန်းဖြင့်ရောင်းချလျက်ရှိသည်။ စတင်ထွက်ခွာရာ နေပြည်တော်ဘူတာကြီးမှ ရန်ကုန်အထိ ပျဉ်းမနား၊ တောင်ငူ၊ ဖြူး၊ ပဲခူး နှင့် တိုးကြောင်ကလေးတို့တွင် ၃ မိနစ်စီ ခေတ္တမျှရပ်နားကာ နေပြည်တော်မှ ရန်ကုန်သို့ ၅ နာရီခွဲ ကြာမောင်းနှင်ရကြောင်း သိရသည်။ မီးရထားဝန်ထမ်းများမှ ရထားပေါ်ရှိခရီးသွားပြည်သူများ အဆာပြေသုံးဆောင်နိုင်ရန် ထမင်းကြော်၊ မုန့်၊ အချိုရည် နှင့် ကော်ဖီများကို သင့်တင့်သော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိသည်။ Air-con […] The post စနစ်တကျနဲ့ သန့်ရှင်းသပ်ရပ်နေသော နေပြည်တော်-ရန်ကုန် အမြန်မီးရထား appeared first on Popular .