Credit to Popular Journal - အများကြည်ညိုလေးစားရသူများဖြစ်၍ ရပ်ရွာအတွင်းနေထိုင်သူများ၏ ကောင်းရာကောင်းကျိုးကိစ္စအဝဝကိုဆုံးမသွန်သင်ပေးရကြရမည်ဟုပြော ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဇန်နဝါရီ ၁၅ ရက်က စစ်တွေမြို့နယ်၊ မှန်စီကျေးရွာ၌ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံပြီးနောက် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များသည် မိမိတို့ဒေသ၊ ကျေးရွာများ၌ အများကြည်ညိုလေးစားရသူများဖြစ်၍ ရပ်ရွာအတွင်းနေထိုင်သူများ၏ ကောင်းရာကောင်းကျိုးကိစ္စအဝဝကိုဆုံးမသွန်သင်ပေးရကြရမည်ဖြစ်ကာ အထူးသဖြင့် ကျောင်းနေအရွယ်ကလေးများပညာသင်ကြားနိုင်ရေး၊ ကျန်းမာရေးနှင့် ရပ်ရွာများ၊ IDP စခန်းများတွင် သန့်ရှင်းသာယာရေးတို့ကို စည်းရုံးဆောင်ရွက်ပေးကြစေလိုသည်ဟု ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးလုံခြုံရေးကို ဘာသာရေးကျောင်းများတွင်တွေ့ဆုံစဉ် ဆွေးနွေးဟောပြောပေးကြစေလိုကာ ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆွေးနွေးပြောကြားပြီးနောက် စားသောက်ဖွယ်ရာများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်သည် မှန်စီကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တွေ့ဆုံအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများပေးအပ်ပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့်ဆရာဝန်၊ သူနာပြုများက […] The post ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များနှင့်တွေ့ဆုံ appeared first on Popular .