အဆိုတော် ရှင်မင်းမြတ်နှင့်မိတ်ဆွေ မူဆယ်တွင် ကျားဖြန့်ပြန်ပေးဆွဲခံရပြီး ကျပ်သိန်း ၃၀၀၀ ကျော်ပေးပြီးမှ ပြန်လည်လွတ်မြောက်လာ

Credit to Popular Journal - ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့သို့ မိတ်ဆွေတစ်ဦး၏ မိတ်ဆွေမှတဆင့် မိတ်ဆွေ၏ မိတ်ဆွေဟုဆိုကာ မင်္ဂလာဆောင်ဖျော်ဖြေရန် အကြောင်းပြ၍ လိမ်လည်ဖိတ်ခေါ်ခံရပြီးနောက် အဆိုတော် ရှင်မင်းမြတ်နှင့်မိတ်ဆွေသည် ကျားဖြန့်အတွက် ပြန်ပေးဆွဲခံလိုက်ရခြင်း ဖြစ်သည်။ ထို့နောက် ဖမ်းဆီးရို-က်နှက်ချုပ်နှောင်ခံခဲ့ရကာ ကျပ်ငွေသိန်း ၃၀၀၀ ကျော်ဖြင့် ပြန်ပေးငွေပေး၍ လွတ်မြောက်ခဲ့ရကြောင်း ကာယကံရှင်ဖြစ်သူ အဆိုတော် ရှင်မင်းမြတ်က လူမှုကွန်ယက်တွင် ရေးသားထားသည်။ ထိုဖြစ်ရပ်ကိုလည်း ကိုယ်တိုင် ရဲစခန်းသို့ တိုင်ကြားထားပြီး ဖြစ်စဉ်အသေးစိတ်ကိုလည်း လူမှုကွန်ရက်တွင် ဖော်ပြထားခြင်းဖြစ်သည်။ ဖြစ်စဉ်၌ အဆိုတော်ရှင်မင်းမြတ်နှင့် မိတ်ဆွေသည် မူဆယ်ရှိ မင်္ဂလာဆောင်တစ်ခုသို့ ဖိတ်ကြားချက်အရ ဇန်နဝါရီ ၄ ရက်က လေယာဉ်ဖြင့်သွားခဲ့သည်ဟု ဆိုသည်။ ထို့နောက် ဇန်နဝါရီလ ၅ ရက်တွင် ပွဲပြုလုပ်မည့်နေရာကို သွားရောက်ကြည့်ရှုရာမှ လူ ၄ ဦးက ခေါင်းစွပ်စွပ်၊ လက်ထိပ်ခတ်ကာ […] The post အဆိုတော် ရှင်မင်းမြတ်နှင့်မိတ်ဆွေ မူဆယ်တွင် ကျားဖြန့်ပြန်ပေးဆွဲခံရပြီး ကျပ်သိန်း ၃၀၀၀ ကျော်ပေးပြီးမှ ပြန်လည်လွတ်မြောက်လာ appeared first on Popular .