ရန်ကုန်၊ ဇန်နဝါရီ ၁၆ ပြည်တွင်းမှ အဆိုတော် ရှင်မင်းမြတ်ကို မူဆယ်ပွဲငှားဟုဆိုကာ ကျားဖြန့်ဂိုဏ်းက ပြန်ပေးဆွဲ နှိပ်စက် ငွေညှစ်ခဲ့ပြီး သိန်း ၃၀၀၀ ကျော် ပါသွားကာ မူဆယ် ရဲစခန်းတွင် တိုင်ကြား အမှုဖွင့်ထားကြောင်း ကာယကံရှင်ဖြစ်သူ အဆိုတော်ရှင်မင်းမြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့သို့ ဖျော်ဖြေရေးပွဲငှားရမ်းသည့် အ ကြောင်း ပြချက်ဖြင့် ခေါ်ဆောင်ခြင်းခံရသည့် အဆိုတော် ရှင်မင်းမြတ် ခေါ် ကိုအောင်ကျော်စိုးက ကျားဖြန့် ဂိုဏ်းတစ်ခု၏ ပြန်ပေးဆွဲနှိပ်စက်ခြင်းကို ခံခဲ့ရပြီး ကျပ်သိန်းပေါင်း ၃,၀၀၀ ကျော်ပေးမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း အဆိုတော် ရှင်မင်းမြတ်က ရှင်းပြသည်။ မူဆယ်တွင် ပွဲငှားသဖြင့် ဇန်နဝါရီလ ၄ ရက်နေ့ ရန်ကုန်မှ မန္တလေးသို့ လေယာဉ်ဖြင့်လည်းကောင်း၊ မန္တလေးမှ […] The post အဆိုတော် ရှင်မင်းမြတ်ကို မူဆယ်ပွဲငှားဟုဆိုကာ ကျားဖြန့်ဂိုဏ်းက ပြန်ပေးဆွဲ နှိပ်စက် ငွေညှစ်မှု သိန်း ၃၀၀၀ ကျော် ပါသွား၊ မူဆယ်ရဲစခန်းတွင် တိုင်ကြား အမှုဖွင့်ထား appeared first on Khit Thit Media .