စစ်ကိုင်း-မင်းကွန်းလမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသော ကား ၁ စီး လမ်းကြိတ်စက်ကို ဝင်တိုက်မိ၍ စစ်သား ၃ ဦးသေဆုံး၊ ညောင်ဦးတွင်လည်း စစ်တပ်က ကျေးရွာများကို မီးရှို့နေ

ရန်ကုန်၊ ဇန်နဝါရီ ၁၆ စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-မင်းကွန်းလမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသော ကား ၁ စီး လမ်းကြိတ်စက်ကို ဝင်တိုက်မိ၍ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် အစောပိုင်းမှ စတင်၍ စစ်ကိုင်း-မင်းကွန်းလမ်းပိုင်းရှိ ပေါက်တောရွာတွင် အထိုင်ချထားသော အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားရာနေရာကို တပ်ကူပေးရန်အတွက် စစ်ကိုင်းမြို့ဘက်မှ အိမ်စီးကားများဖြင့် ထွက်လာသော စစ်သားများ လိုက်ပါလာသည့် ကား ၁ […] The post စစ်ကိုင်း-မင်းကွန်းလမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသော ကား ၁ စီး လမ်းကြိတ်စက်ကို ဝင်တိုက်မိ၍ စစ်သား ၃ ဦးသေဆုံး၊ ညောင်ဦးတွင်လည်း စစ်တပ်က ကျေးရွာများကို မီးရှို့နေ appeared first on Khit Thit Media .