ရန်ကုန်၊ ဇန်နဝါရီ ၁၆ မန္တလေးတိုင်း၊ မိုးကုတ်မြို့မစိုးရိမ်ကျောင်းနှင့် မောနေယကျောင်းတိုက်တွင် တပ်စွဲထားသော စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မိုးကုတ်တော်လှန်ရေးသတင်းရင်းမြစ် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် မိုးကုတ်မြို့၊ မစိုးရိမ်ကျောင်းတိုက်နှင့် မော နေယကျောင်းတိုက်အတွင်း တပ်စွဲထားသည့် အကြမ်းဖက်စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျယ်လောင်စွာပေါက်ကွဲခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက် ခံရပြီး စစ်တပ်က လေယာဉ်ဖြင့် မြို့ပေါ်တွင် လှည့်ပတ်ပျံဝဲကာ ကင်းထောက်ခဲ့ကြောင်း သိရသည်။ “အခုပစ်တဲ့နေရာတွေက ဘုန်းကြီးကျောင်းတွေပဲရှိတာ၊ အဲဒီဘုန်းကြီးကျောင်းတွေမှာက ဘုန်းကြီး တွေလည်းမရှိတော့ဘူး။ ပြည်သူတွေလည်းမနေဘူး၊ စခတွေပဲ တပ်စွဲထားတာ။ မစိုးရိမ်ကျောင်းနဲ့ မောနေယကျောင်းကလည်း […] The post မိုးကုတ်တွင် စစ်တပ်တပ်စွဲနေရာများကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်၊ စစ်တပ်က ပြည်သူ ၃ ဦးကို ပစ်သတ် appeared first on Khit Thit Media .