မြန်မာနိုင်ငံ၊ မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံ၏ သံဃာတော်များအပေါ် ဂမ်ဘီယာနိုင်ငံ၏ မမှန်မကန်စွတ်စွဲချက်အားလုံးကိုအပြင်းအထန်ကန့်ကွက်

Credit to Popular Journal - မြန်မာနိုင်ငံ၊ မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံ၏ သံဃာတော်များအပေါ် ဂမ်ဘီယာနိုင်ငံ၏ မမှန်မကန်စွတ်စွဲချက်အားလုံးကိုအပြင်းအထန်ကန့်ကွက်သည်ဟု သာရိပေါက်ဝံသာနုပရဟိတအသင်းမှ ယနေ့ ဇန်နဝါရီ ၁၆ ရက်က သဘောထားထုတ်ပြန်ခဲ့သည်။ ဂမ်ဘီယာနိုင်ငံ၏ မြန်မာနိုင်ငံ၊ မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု၊ ထေရဝါဒဗုဒ္ဓဘာသာ သံဃာတော်များအပေါ် ထိုးစစ်ဆင်သည့်အနေဖြင့် ထုတ်ပြန်သောလွဲမှားသည့် စွတ်စွဲချက်များကို အလွန်ပြင်းထန်စွာကန့်ကွက်ပြီး ယင်းစွတ်စွဲချက်များသည် အခြေအမြစ်ကင်းမဲ့ကာ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာ၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးတည်ဆောက်ရေးအားထုတ်မှုများကိုချိုးနှိမ်ရန် ရည်ရွယ်သည့် နိုင်ငံရေးစကားစစ်ပွဲတစ်ခုသာဖြစ်သည်ဟု ထုတ်ပြန်ချက်၌ရေးသားဖော်ပြခဲ့သည်။ ရခိုင်ပြည်နယ်ဖြစ်စဉ်များသည် ASRA အပါအဝင် အဖွဲ့များ၏ စနစ်တကျစီစဉ်ထားသော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့်စတင်ခဲ့ခြင်းဖြစ်ပြီး၊ မြန်မာ့တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းပြည်၏ အချုပ်အခြာအာဏာကိုကာကွယ်ရန်၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် တရားဥပဒေစိုးမိုးရေးကိုပြန်လည်ထူထောင်ရန် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ရေးသားဖော်ပြခဲ့သည်။ မြန်မာ့တပ်မတော်သည် သမိုင်းတစ်လျှောက်အရေးပါသောအခန်းကဏ္ဍမှပါဝင်ခဲ့၍ မည်သည့်နိုင်ငံကမျှ မိမိတို့၏ ဘာသာရေး၊ […] The post မြန်မာနိုင်ငံ၊ မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံ၏ သံဃာတော်များအပေါ် ဂမ်ဘီယာနိုင်ငံ၏ မမှန်မကန်စွတ်စွဲချက်အားလုံးကိုအပြင်းအထန်ကန့်ကွက် appeared first on Popular .