ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရန်မလိုဟု ထရမ့်ဆို

Credit to Popular Journal - ရိုက်တာ(Reuters) သတင်းဌာန၏ ဖော်ပြချက်အရ သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ ရာထူးသက်တမ်းအတွင်း အောင်မြင်မှုများကြောင့် ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများကို မကျင်းပသင့်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ ရိုက်တာသတင်းဌာနနှင့် မိနစ် ၃၀ ကြာ ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ထရမ့်က ၎င်းအနေဖြင့် ရာထူးသက်တမ်းအတွင်း အောင်မြင်မှုများစွာ ရရှိခဲ့သဖြင့် “ဒါကို ပြန်စဉ်းစားကြည့်ရင် ၂၀၂၆ မှာ ကျွန်တော်တို့ ရွေးကောက်ပွဲတောင် ကျင်းပဖို့ မလိုပါဘူး” ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။ ကြာသပတေးနေ့က ထရမ့်၏ ပြောကြားချက်များနှင့် ပတ်သက်၍ မေးမြန်းရာတွင် အိမ်ဖြူတော်သတင်းပြန်ကြားရေးအတွင်းရေးမှူး ကာရိုလိုင်း လဲဗစ် (Karoline Leavitt) က ၎င်းသည် “နောက်ပြောင်ပြောဆိုခြင်း” နှင့် “ရယ်စရာမောစရာ သဘောဖြင့် ပြောဆိုခြင်း” သာဖြစ်ကြောင်း သတင်းထောက်များကို ဖြေကြားခဲ့သည်။ […] The post ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရန်မလိုဟု ထရမ့်ဆို appeared first on Popular .