အိန္ဒိယနိုင်ငံ၏ (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အခမ်းအနားကို ဗိုလ်ချုပ်ကြီးကျော်စွာလင်းတက်ရောက်

Credit to Popular Journal - ရန်ကုန်မြို့တွင် ဇန်နဝါရီ ၁၆ ရက်ညပိုင်းကကျင်းပသည့် အိန္ဒိယနိုင်ငံ၏ (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းတက်ရောက်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော်သီချင်း၊ အိန္ဒိယသမ္မတနိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး Colonel Jaswinder Singh Gill က အိန္ဒိယ-မြန်မာ ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး၊ အိန္ဒိယတပ်မတော်၊ အမှတ် (၃) တပ်မကြီးမှူးတို့က အိန္ဒိယနိုင်ငံ၏ (၇၈) နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်ကိတ်ကိုလှီးဖြ-တ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ The post အိန္ဒိယနိုင်ငံ၏ (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အခမ်းအနားကို ဗိုလ်ချုပ်ကြီးကျော်စွာလင်းတက်ရောက် appeared first on Popular .