Credit to Popular Journal - နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်ရန်ဆွေးနွေး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် အိန္ဒိယတပ်မတော်၊ အမှတ် (၃) တပ်မကြီးမှူး Lieutenant General AS Pendharkar, AVSM, YSM တို့သည် ဇန်နဝါရီ ၁၆ ရက်ညနေပိုင်းက တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ နှစ်နိုင်ငံချစ်ကြည်ရေးပိုမိုတိုးတက်ခိုင်မာအောင်ဆောင်ရွက်သွားမည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အိန္ဒိယတပ်မတော်၊ အမှတ် (၃) တပ်မကြီးမှူးနှင့်အတူ အိန္ဒိယတပ်မတော်မှ အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး Colonel […] The post ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် အိန္ဒိယတပ်မတော်၊ အမှတ် (၃) တပ်မကြီးမှူး Lieutenant General AS Pendharkar, AVSM, YSM တို့တွေ့ဆုံ appeared first on Popular .