Credit to Popular Journal - လွိုင်ကော်မြို့သည် သောင်းကျန်းသူများကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါ အားလုံးစုပေါင်း ပါဝင်ဆောင်ရွက်မှုကြောင့် သာယာလှပအေးချမ်းသည့် မြို့အဖြစ်ပြန်လည်တွေ့မြင်နေရပြီ ဖြစ်ပါကြောင်း၊ ဆက်လက်၍ လွိုင်ကော်မြို့အပါအဝင် ပြည်နယ်တစ်ခုလုံး စဉ်ဆက်မပြတ် အေးချမ်းသာယာ ဖွံဖြိုးတိုးတက်ရေးကို လုံခြုံမှုရှိနေမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက ပြောသည်။ ယမန်နေ့က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး က လွိုင်ကော်မြို့မှ မြို့မိမြို့ဖရပ်မိရပ်ဖများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ တွေ့ဆုံမှု၌ ဒေသဖွံဖြိုးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းလည်း သိသည်။ ပြည်နယ်အတွင်း ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာစေရန်၊ ခေတ်မီစိုက်ပျိုးနည်းစနစ်များကို တောင်သူများသိမြင်လိုက်နာ ဆောင်ရွက်လာစေရန်၊ စနစ်တကျ ရေအသုံးချမှုကို လက်ခံကျင့်သုံးလာစေရန်နှင့် တောင်သူများအား မျိုးပွားနည်း၊ ကိုင်းကူးကိုင်းဆက် နည်းပညာပေးရန်စသည့် ရည်ရွယ်ချက်များနှင့်အညီ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်း […] The post လွိုင်ကော်မြို့အပါအဝင် ပြည်နယ်တစ်ခုလုံး စဉ်ဆက်မပြတ် အေးချမ်းသာယာ ဖွံဖြိုးတိုးတက်ရေးကို လုံခြုံမှုရှိနေမှသာ ဆောင်ရွက်နိုင်မည်ဖြစ် appeared first on Popular .