ကရိန်းနှစ်ခါပြိုကျသဖြင့် အီတာလျံ-ထိုင်း၏ စီမံကိန်းများကို ဆိုင်းငံ့

Credit to Popular Journal - နှစ်ရက်အတွင်း လူ‌ေ-သဆုံးမှုများရှိခဲ့သော ကရိန်းပြိုကျမှုနှစ်ခုဖြစ်ခဲ့ပြီးနောက် ဘေးကင်းလုံခြုံရေးစစ်ဆေးမှုများလုပ်ဆောင်နေသောကြောင့် အီတာလျံ-ထိုင်း ဖွံ့ဖြိုးရေးကုမ္ပဏီ (အိုင်တီဒီ) ပါဝင်သော ကန်ထရို-က်လုပ်ငန်း ၁၄ ခုအပြင် ဝန်ကြီးဌာနက ကြီးကြပ်သည့် အခြားစီမံကိန်းကြီးများကို ၁၅ ရက်ကြာ ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရန် ထိုင်းသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက သောကြာနေ့တွင် အမိန့်ပေးခဲ့သည်။ ဗုဒ္ဓဟူးနေ့က နာခွန် ရတ်ချာသီမာပြည်နယ်တွင် ခရီးသည် ၃၂ ဦး ‌ေ-သဆုံးခဲ့ရသည့် ရထားလမ်းချော်ခဲ့သော ကရိန်းပြု-တ်ကျမှုဖြစ်စဉ်နှင့် နောက် ၂၄ နာရီအကြာတွင်ပင် ဘန်ကောက်အနောက်တောင်ပိုင်းရှိ ဆမွတ်ဆခွန်တွင် ယာဉ်မောင်းနှစ်ဦး ‌ေ-သဆုံးခဲ့သော ကရိန်းပြိုကျမှုဖြစ်စဉ်များဖြစ်ပွားခဲ့ပြီးနောက် ယခုဆုံးဖြတ်ချက်ထွက်လာခြင်းဖြစ်သည်။ ဖြစ်စဉ်နှစ်ခုစလုံးတွင် ပါဝင်သော ကရိန်းများသည် အီတာလျံ-ထိုင်း စီမံကိန်းများတွင် အသုံးပြုနေသော ကိရိန်းများဖြစ်သည်။ ၁၉၅၈ ခုနှစ်တွင် အီတလီနှင့် ထိုင်းမိတ်ဖက်များက တည်ထောင်ခဲ့သော အိုင်တီဒီသည် ဖြစ်ရပ်နှစ်ခုလုံးတွင် ပေါ်ပေါက်ခဲ့သော ဆုံးရှုံးမှုများအတွက် […] The post ကရိန်းနှစ်ခါပြိုကျသဖြင့် အီတာလျံ-ထိုင်း၏ စီမံကိန်းများကို ဆိုင်းငံ့ appeared first on Popular .