တရုတ်၏ ရှီဂျန် -၃၂ ဂြိုလ်တုလွှတ်တင်ရေးမစ်ရှင် မအောင်မြင်

Credit to Popular Journal - ရှီချန်း၊ ဇန်နဝါရီ ၁၇ ဂြိုလ်တုကို သယ်ဆောင်သည့် လောင်းမာ့ချ်-၃ဘီ ဒုံးပျံကို အသုံးပြု၍ တရုတ်နိုင်ငံ ရှီချန်း ဂြိုလ်တုလွှတ်တင်ရေးစင်တာရှိ ရှီဂျန် -၃၂ ဂြိုလ်တုကို စနေနေ့က လွှတ်တင်ခဲ့ရာ မအောင်မြင်ခဲ့ကြောင်း သိရသည်။ အဆိုပါဒုံးပျံကို ပေကျင်းစံတော်ချိန် (၁၂း၅၅) နာရီတွင် စီချွမ်ပြည်နယ် အနောက်တောင်ပိုင်းရှိ လွှတ်တင်ရေးစခန်းမှ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သော်လည်း ၎င်း၏ ပျံသန်းမှုအတွင်း လွဲ‌ချော်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ အောင်မြင်စွာ မလွှတ်တင်နိုင်ရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။ Ref: ရှင်းဟွာ The post တရုတ်၏ ရှီဂျန် -၃၂ ဂြိုလ်တုလွှတ်တင်ရေးမစ်ရှင် မအောင်မြင် appeared first on Popular .