ဂမ်ဘီယာအနေဖြင့် တိုက်ရို-က်သက်သေခံအထောက်အထားများတင်ပြနိုင်ခြင်းမရှိဟု PROFESSOR STEFAN TALMON လျှောက်လဲ

Credit to Popular Journal - ဂမ်ဘီယာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ်စွတ်စွဲချက်များအား တိုက်ရို-က်သက်သေခံအထောက်အထားများတင်ပြနိုင်ခြင်းမရှိဟု PROFESSOR STEFAN TALMON က ICJ ၌လျှောက်လဲခဲ့သည်။ လူမျိုးသုန်းသ-တ်ဖြ-တ်မှုအတွက် သက်သေအထောက်အထားများ လုံးဝခိုင်မာမှုရှိရမည်ဖြစ်ကာ ယင်း သက်သေအထောက်အထားသည် အခြားအထောက်အထားများနှင့် ဆန့်ကျင်ကွဲလွဲခြင်းမရှိစေရဘဲ သံသယမရှိ ယုံကြည်ထိုက်သည့် သက်သေအထောက်အထားများဖြစ်ရမည်ဖြစ်ပြီး ဂမ်ဘီယာအနေဖြင့် တိုက်ရို-က်သက်သေခံအထောက်အထားများတင်ပြနိုင်ခြင်းမရှိဟု လျှောက်လဲခဲ့သည်။ ဂမ်ဘီယာသည် FFM ကိုအခြေပြု၍ လူမျိုးသုန်းသ-တ်ဖြ-တ်ရန် ကြံရွယ်ချက်ရှိကြောင်း ချဉ်းကပ်မှုအသစ်ဖြင့် အကြိမ်ကြိမ်တင်ပြလျက်ရှိကာ ဂမ်ဘီယာသည် လူမျိုးသုန်းသ-တ်ဖြ-တ်ရန် ကြံရွယ်ချက်ရှိကြောင်း ညွှန်ပြချက် (၇)ချက်ကိုအသုံးပြုခဲ့ပြီး ယင်းအချက်များသည် သက်သေအထောက်အထားများတွင် ပါရှိပြီးဖြစ်ကြောင်းတင်ပြခဲ့ကာ တရားရုံးအနေဖြင့် အကာအကွယ်ပေးထားသည့် လူအုပ်စုတစ်ခုအပေါ် တို-က်ခို-က်မှုအတွင်းကျူးလွန်ခဲ့သည့် လူမျိုးသုန်းသ-တ်ဖြ-တ်မှု ဆောင်ရွက်ချက်များနှင့် အခြားသော ကျူးလွန်မှုများ ရှိ/မရှိကို ခိုင်လုံသည့်သက်သေအထောက်အထားများဖြင့် စိစစ်ရမည်ဟု လျှောက်လဲခဲ့သည်။ အဆိုပါ ပြုလုပ်မှုများသည် စနစ်တကျစီစဉ်ထားသော အပြုအမူပုံစံများ ဟုတ်/မဟုတ်ကိုလည်း စိစစ်ရမည်ဖြစ်ကာ […] The post ဂမ်ဘီယာအနေဖြင့် တိုက်ရို-က်သက်သေခံအထောက်အထားများတင်ပြနိုင်ခြင်းမရှိဟု PROFESSOR STEFAN TALMON လျှောက်လဲ appeared first on Popular .