Credit to Popular Journal - နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းသည် ရန်ကုန်မြိုရှိ တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံ မစ္စတာ အဲလီစီယို ဒို ရိုဆားရီရို ဒီ ဆော်ဆာကို ယမန်နေ့ ဇန်နဝါရီ (၁၆) ရက်နေ့က ဆင့်ခေါ်တွေ့ဆုံခဲ့ကြောင်း သိရသည်။ ထိုသို့တွေ့ဆုံစဉ် တီမောလက်စ်တေအစိုးရအနေဖြင့် အာဆီယံ ပဋိညာဉ်နှင့် အာဆီယံ၏ အခြေခံမူများကို လိုက်နာရန် ကတိပြုသည့် ၎င်း၏ ကတိကဝတ်များကို ချိုးဖေ-ာက်လျက် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ကာ ဆန့်ကျင်ဘက် အဖွဲအစည်းများနှင့် ထိတွေ့ဆက်ဆံသည့်ကိစ္စရပ်ကို မြန်မာနိုင်ငံက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း လည်း သိရသည်။ ထိုအတူ အသိပေးပြောကြားပြီး သတိထောက်လွှာအား ပေးအပ်ခဲ့ကြောင်း သိရသည်။ The post အာဆီယံ အခြေခံမူများကိုလိုက်နာရန်နှင့် မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံခြင်းကို ဆန့်ကျင်ကြောင်း တီမော သံရုံးယာယီတာဝန်ခံကိုခေါ်ယူ သတိပေး appeared first on Popular .