ရန်ကုန်၊ ဇန်နဝါရီ ၁၇ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချမှုများနှင့် ကမ္ဘာကို ဒုက္ခပေးနေသည့် ကျားဖြန့်ငွေလိမ်ဂိုဏ်းများ ကြီးထွားလာခြင်းတို့တွင် မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်က ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းသွားမှသာလျှင် မူးယစ်ဆေးဝါးများနှင့်ကျားဖြန့်ဂိုဏ်းများ နိဂုံးချုပ်မည်ဖြစ်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒို စောတောနီးက ပြောဆိုသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ကရင်အမျိုး သား အစည်း အရုံး၏ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပြောရေး ဆိုခွင့်ရှိသူလည်းဖြစ်သူ ပဒိုစောတောနီးက အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ နိုင်ငံတွင် မူးယစ်ဆေးဝါးထွက်ရှိမှုမှာ ကမ္ဘာ့နံပါတစ်ဖြစ်လာနေပြီး ကျားဖြန့်ငွေလိမ်ဂိုဏ်းများမှာလည်း အလွန်ကြီးထွားလာကြောင်း၊ ယင်းသို့ ဖြစ်ပွားနေရခြင်းမှာ မင်းအောင်လှိုင် ခေါင်းဆောင်သော စစ်တပ်က မူးယစ်ဆေးဝါးထုတ် လုပ်ရေးများနှင့် ကျားဖြန့်ငွေလိမ်ဂိုဏ်းများတွင် ထဲထဲဝင်ဝင် ပါဝင်နေခြင်းကြောင့် […] The post မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်နှင့် စစ်အာဏာရှင်စနစ် ပျက်သုန်းမှသာ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်ဂိုဏ်းများ မြန်မာနိုင်ငံတွင် နိဂုံးချုပ်မည်ဟု KNU ပြော appeared first on Khit Thit Media .