Credit to Popular Journal - ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုမှုသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှု အခွင့်အရေးကို ထိပါးစေနိုင်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ နိုင်ငံတကာရေးရာဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။ ဂမ်ဘီယာနိုင်ငံ၏ အဓိကတောင်းဆိုချက်မှာ ဘင်္ဂါလီမူစလင်အားလုံးကို နိုင်ငံသားအခွင့်အရေးအပြည့်အဝပေးရန်၊ မြန်မာနိုင်ငံက လူမျိုးတုံးသ-တ်ဖြ-တ်မှု ကွန်ဗင်းရှင်းအရတာဝန်ရှိမှုဖြင့် လျော်ကြေးနှင့် လျော်ကြေးမဟုတ်သောကုစားမှုများပေးရန် တောင်းဆိုခဲ့သည်ကို တွေ့ရသည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။ ကမ္ဘာပေါ်တွင် နိုင်ငံသားအခွင့်အရေးတောင်းဆိုမှုအတွက် နိုင်ငံသားဖြစ်မှုတင်ပြရပြီး နိုင်ငံတော်အစိုးရတစ် ရပ်၏ခွင့်ပြုချက်ဖြင့်သာဆောင်ရွက်ရသည့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုအခွင့်အရေးဖြစ်၍ ယင်းတောင်းဆိုမှုသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအခွင့်အရေးကို ထိပါးစေနိုင်သည်ဟု ထုတ်ပြန်ချက် ၌ရေးသားထားသည်။ ဂမ်ဘီယာနိုင်ငံ၏တင်ပြချက်များအရ အပြည်ပြည်ဆိုင်ရာတရားရုံးအနေဖြင့် ဆုံးဖြတ်ချက်ချမှတ်ရာတွင် လူမျိုးတုံးသ-တ်ဖြ-တ်မှုကွန်ဗင်းရှင်းကို အကြောင်းပြု၍ တရားစွဲဆိုခဲ့ပြီးနောက် မြန်မာနိုင်ငံသားဖြစ်မှုဥပဒေကို ပြင်ဆင်မှုပေးရန်နှင့် မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသ-တ်ဖြတ်မှုအတွက် ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်းတို့ကို အတိုးအလျော့ညှိနှိုင်းမှုဖြင့် ဆုံးဖြတ်ချက်ချမှတ်လာနိုင်ဖွယ်ရှိကြောင်းသုံးသပ်ရသည်ဟုလည်း ထုတ်ပြန်ချက်၌ရေးသားဖော်ပြထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင်ပြဋ္ဌာန်းထားသော တပ်မတော်၏ တရားစီရင်မှုအာဏာလုပ်ပိုင်ခွင့်နှင့် တပ်တွင်းတရားစီရင်ရေးလုပ်ငန်းယန္တရားကို ထိပါးစွက်ဖက်ခွင့်ရရှိစေရန် ကြိုးပမ်းချက်များအနေဖြင့် စစ်ရာဇဝတ်မှုများရှိနေကာ […] The post ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုမှုသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှု အခွင့်အရေးကို ထိပါးစေနိုင် appeared first on Popular .