By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇန်နဝါရီ ၁၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချ မှုတွေနှင့် ကမ္ဘာကို ဒုက္ခပေးနေတဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်း တွေ ကြီးထွားလာတာတွေမှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းသွားမှဘဲ မူးယစ်ဆေးဝါးတွေနှင့်ကျားဖြန့်ဂိုဏ်းတွေ နိဂုံးချုပ်မယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒို စောတောနီးက ပြောပါတယ်။ မကွေးတိုင်း၊ စလင်းမြို့မြို့နှင့် ဆင်ဖြူကျွန်း မြို့ပေါ်မှာရှိတဲ့ ဆေးရုံ၊ ရပ်ကွက်တွေကို အကြမ်းဖက် စစ်တပ်က ၃ ရက်ဆက်တိုက် ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးတာကြောင့် လူငယ် ၆၀ ကျော် ဖမ်းဆီးခံရပြီး ငွေကြေးပေးနိုင်တဲ့ လူငယ် ၆ ဦးကို ငွေကျပ် ၁၆၅ သိန်းနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ […] The post Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် appeared first on Khit Thit Media .