ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်သမားများကို စစ်ဆေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာလိုက်ပြီး မဲဆောက်မြို့တွင် မြန်မာ ၂၀ ကျော် အဖမ်းခံရ

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ထိုင်းနိုင်ငံသားများ၏ အလုပ်အကိုင်များ လုယူခံရခြင်းမှ ကာကွယ်ရန် နိုင်ငံအနှံ့ ရွှေ့ ပြောင်း အလုပ်သမားများနှင့် တရားမဝင် အလုပ်သမားများကို စစ်ဆေးမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဆွန်ချိုင်း မိုရာကို့ဆရီဝမ်က ပြောဆိုသည်။ ဘန်ကောက်မြို့အနီး စမွတ်ပရာကန်ခရိုင်တွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားအချို့က ထိုင်းပါဆယ်ပို့သမားတစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြောင်း သတင်း ထွက်ပေါ်လာခဲ့ပြီးနောက် ထိုင်းနိုင်ငံသားများအတွက် သီးသန့်ထားရှိသော အလုပ်အကိုင်တွင် ဝင်ရောက်လုပ်ကိုင်နေသည်ဆိုသော အချက်အလက်များလည်း ထွက်ပေါ်လာခဲ့ခြင်းကြောင့် ယခုကဲ့သို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံတစ်ဝန်းရှိ ပြည်နယ်အလုပ်ခန့်အပ်ရေးရုံးများနှင့် ဘန်ကောက်မြို့တော် အလုပ် ခန့်အပ်ရေးရုံးများအားလုံးကို ရွှေ့ပြောင်းအလုပ်သမားများ၏ လုပ်ကိုင်မှုအခြေအနေများကို စစ်ဆေးရန် ညွှန်ကြားထားပြီး အထူးသဖြင့် ထိုင်းနိုင်ငံသားများ၏ အလုပ်အကိုင်ကို လုယူလုပ်ကိုင်နေသည်ဟု သံသယရှိသော နိုင်ငံခြားသားလုပ်သားများ၊ […] The post ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်သမားများကို စစ်ဆေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာလိုက်ပြီး မဲဆောက်မြို့တွင် မြန်မာ ၂၀ ကျော် အဖမ်းခံရ appeared first on Khit Thit Media .