ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာသို့ ဒရုန်းဖြင့် ဗုံးကျဲမှု ဗိုလ်ချုပ်ဟောင်း စိုးမောင်၏ တူဖြစ်သူ ပျူစောထီးခေါင်းဆောင်လင်းထင် အပါအဝင် ၁၀ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၇ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာသို့ ဒရုန်းဖြင့် ဗုံးကျဲမှု ဗိုလ်ချုပ်ဟောင်း စိုးမောင်၏ တူဖြစ်သူ ပျူစောထီးခေါင်းဆောင်လင်းထင် အပါအဝင် ၁၀ ဦးသေဆုံး သွားကြောင်း ရေစ ကြိုပကဖမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်အချိန် ရေစကြိုမြို့နယ်၊ ရေစကြို -ပခုက္ကူကားလမ်း ဘေး ဆင်ချောင်းပျူစောထီးရွာတွင် ခြင်းခတ်နေသည့် ပျူစောထီးအဖွဲ့ကို ရေစကြို ပကဖအဖွဲ့မှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆင် ချောင်းရွာ ပျူစောထီးခေါင်းဆောင် လင်းထင် (ခ) ငလင်းအပါအဝင် ၁၀ ဦး ခန့်သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသွားသော ဆင်ချောင်းရွာ ပျူစောထီးခေါင်းဆောင်မှာ စစ်တပ်အငြိမ်းစား ဝန်ကြီးဟောင်းနှင့် […] The post ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာသို့ ဒရုန်းဖြင့် ဗုံးကျဲမှု ဗိုလ်ချုပ်ဟောင်း စိုးမောင်၏ တူဖြစ်သူ ပျူစောထီးခေါင်းဆောင်လင်းထင် အပါအဝင် ၁၀ ဦးသေဆုံး appeared first on Khit Thit Media .