ဂမ်ဘီယာမှတင်ပြသည့် FFM အစီရင်ခံစာများသည် လုံလောက်သည့် သက်သေအထောက်အထားများမဟုတ်

Credit to Popular Journal - ဂမ်ဘီယာမှတင်ပြသည့် FFM အစီရင်ခံစာများသည် လုံလောက်သည့် သက်သေအထောက်အထားများမဟုတ်ဟု ICJ ၌ MR CHRISTOPHER STAKER ၏ ပထမလျှောက်လဲချက်တွင် ထည့်သွင်းတင်ပြခဲ့သည်။ ဂမ်ဘီယာစွဲဆိုသည့်အမှုသည် FFM အစီရင်ခံစာအပေါ်တွင်သာအခြေခံထားကာ အခြား သက်သေခံ အထောက်အထားများမှာ လူမျိုးသုန်းသ-တ်ဖြ-တ်သည်ဟု စွပ်စွဲချက်နှင့်ပတ်သက်သည့် ဂမ်ဘီယာ၏ ထင်မြင် ချက်များသာဖြစ်သည်ဟု လျှောက်လဲတင်ပြခဲ့သည်။ ဂမ်ဘီယာ၏ Agent အနေဖြင့် FFM အစီရင်ခံစာကို အချိန်တိုင်းအသုံးပြုခဲ့ကာ ဂမ်ဘီယာတင်ပြချက်များသည် FFM အစီရင်ခံစာနှင့် အစိုးရမဟုတ်သော NGO အဖွဲ့အစည်းများ၏ အစီရင်ခံစာများသာဖြစ်၍ ဂမ်ဘီယာ၏ တင်ပြချက်များသည် FFM အစီရင်ခံစာအပေါ်တွင်သာ အချိန်တိုင်းမှီတည်နေသည်ဟု လျှောက်လဲတင်ပြခဲ့သည်။ အဆိုပါ FFM အစီရင်ခံစာများသည် တစ်ဖက်သတ် အကြောင်းအရာများကိုသာအခြေခံ၍ မေးမြန်းစုဆောင်းထားသည့် အချက်အလက်များဖြစ်ပြီး ယင်းအစီရင်ခံစာများကို သက်သေခံအထောက်အထားအဖြစ်အသုံးပြု၍မရဘဲ မြန်မာနိုင်ငံအနေဖြင့်လည်း FFM […] The post ဂမ်ဘီယာမှတင်ပြသည့် FFM အစီရင်ခံစာများသည် လုံလောက်သည့် သက်သေအထောက်အထားများမဟုတ် appeared first on Popular .