ဂမ်ဘီယာသည် FFM အစီရင်ခံစာများ၊ အခြားအဖွဲ့အစည်းများနှင့် NGO များ၏အစီရင်ခံစာများကို အလွန်အမင်းကိုးကားထား

Credit to Popular Journal - ဂမ်ဘီယာသည် FFM အစီရင်ခံစာများ၊ အခြားအဖွဲ့အ စည်းများနှင့် NGO များ၏အစီရင်ခံစာများကို အလွန်အမင်းကိုးကားထားသည်ဟု MS CHIARA CORDONE မှ ICJ ၌လျှောက်လဲတင်ပြခဲ့သည်။ ဂမ်ဘီယာသည် သက်သေအထောက်အထားနှင့် ပတ်သက်သည့် ဥပဒေစည်းမျဉ်းများကို လိုက်နာကျင့်သုံးခဲ့ခြင်းမရှိဘဲ ဂမ်ဘီယာသည် ထင်မြင်ယူဆချက်အား သက်သေအထောက်အထားခိုင်မာမှုမရှိကြောင်း လက်ခံသော်လည်း ယင်းအထောက်အထားများကို အကြိမ်ကြိမ်တင်ပြနေသည့်အပြင် တစ်ဆင့်ကြား သက်သေခံချက်များမှာ ခိုင်မာသည့်သက်သေခံချက်မဟုတ်ကြောင်းလက်ခံသော်လည်း တစ်ဆင့်ကြားသက်သေခံချက်များကို အမြဲမပြတ်ကိုးကားတင်ပြနေသည်ဟု လျှောက်လဲတင်ပြခဲ့သည်။ ထို့ပြင် ဂမ်ဘီယာသည် မီဒီယာဆောင်းပါးများမှာ အချက်အလက်ကိုသက်သေပြနိုင်သည့် သက်သေခံချက် မဟုတ်ကြောင်းလက်ခံသော်လည်း မီဒီယာဆောင်းပါးများကို ကျယ်ကျယ်ပြန့်ပြန့်ကိုးကားတင်ပြနေကာ FFM အစီရင်ခံစာများ၊ အခြားအဖွဲ့အစည်းများနှင့် NGO များ၏ အစီရင်ခံစာများကိုလည်း အလွန်အမင်းကိုးကားထား၍ တရားရုံးအနေဖြင့် တစ်ဖက်မှတင်ပြလာသော FFM, IIMM, UN အဖွဲ့အစည်းများနှင့် NGO များ၏ အစီရင်ခံစာများပါ […] The post ဂမ်ဘီယာသည် FFM အစီရင်ခံစာများ၊ အခြားအဖွဲ့အစည်းများနှင့် NGO များ၏အစီရင်ခံစာများကို အလွန်အမင်းကိုးကားထား appeared first on Popular .