ဗဟိုဘဏ်က သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ် သန်း ၃၀ ရောင်းချပေးမည်

Credit to Popular Journal - မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ် သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဗဟိုဘဏ်မှ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၃၇ သန်းကို စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့လည်းကောင်း၊ အမေရိကန်ဒေါ်လာ ၄၇၀,၅၀၀ ကို စက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့လည်းကောင်း ဇန်နဝါရီ ၁၆ ရက်က ရောင်းချပေးခဲ့သည်။ ယင်းနေ့ FX Trading တွင် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဓာတ်မြေဩဇာ ၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်း၊ စက်မှုကုန်ကြမ်းပစ္စည်းများ၊ တိရိစ္ဆာန်အစာ၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စားသုံးကုန်စည်တင်သွင်းသည့် Importer များမှ နိုင်ငံခြားငွေဝယ်ယူရရှိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၅ […] The post ဗဟိုဘဏ်က သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ် သန်း ၃၀ ရောင်းချပေးမည် appeared first on Popular .