ချင်းလူ့အခွင့်အရေးအဖွဲ့က မြန်မာစစ်တပ်ကို တီမောတွင် အမှုဖွင့်နိုင်ရေး တိုင်ကြားသည့်အပြင် တီမောသမ္မတနှင့်ပါတွေ့ဆုံဆွေးနွေးမှု အပေါ် စစ်ကော်မရှင်က ပြင်းထန်စွာ ကန့် ကွက်

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ချင်းလူ့အခွင့်အရေးအဖွဲ့က မြန်မာစစ်တပ်ကို တီမောတွင် အမှုဖွင့်နိုင်ရေး တိုင်ကြားလိုက်သည့်အပြင် တီမောသမ္မတနှင့်ပါတွေ့ဆုံမှု အပေါ် စစ်ကော်မရှင်က ပြင်းထန်စွာ ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၁၂ ရက်နေ့ အကြမ်းဖက် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများအတွက် တရားစွဲနိုင်ရေး ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က တီမောနိုင်ငံတွင် တရားဝင်တိုင်ကြားခဲ့သည်။ မြန်မာစစ်ကောင်စီက ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများမှ နစ်နာသူများကို ကိုယ်စားပြုသည့်အဖွဲ့က တီမောလက်စ်တေနိုင်ငံရှိ ပြည်သူ့ရှေ့နေရုံးသို့ စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ပေးရန် တောင်းဆိုသည့် ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားစာတစ်စောင် တင်သွင်းခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် ဇန်နဝါရီ ၁၄ ရက်နေ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ညွှန်ကြားရေးမှူး ဆလိုင်းဇာအုပ် (Salai Za […] The post ချင်းလူ့အခွင့်အရေးအဖွဲ့က မြန်မာစစ်တပ်ကို တီမောတွင် အမှုဖွင့်နိုင်ရေး တိုင်ကြားသည့်အပြင် တီမောသမ္မတနှင့်ပါတွေ့ဆုံဆွေးနွေးမှု အပေါ် စစ်ကော်မရှင်က ပြင်းထန်စွာ ကန့် ကွက် appeared first on Khit Thit Media .