ရန်ကုန်၊ ဇန်နဝါရီ ၁၇ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ နပ္ပလ္လင်ရွာနှင့် လက်ဝဲရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ရာနှင့်ချီ မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် နပ္ပလ္လင်ကျေးရွာအနီး၌ PDF တပ်ဖွဲ့များ စစ်ဆေးရေးပြုလုပ်နေစဉ် အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး လိုက်ပါလာသော ကားနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဇန်နဝါရီလ ၁၆ ရက်နေ့တွင် နပ္ပလ္လင်ရွာနှင့် လက်ဝဲရွာတို့ကို ဝင်ရောက် စီးနင်းပြီး နေအိမ် ရာနှင့်ချီ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ကျေးရွာများအတွင်းရှိနေသောကြောင့် ပြည်သူများသည် ဘေးလွတ်ရာ […] The post ညောင်ဦးမြို့နယ်အတွင်း စစ်တပ်က ကျေးရွာများကို ဆက်တိုက်မီးရှို့နေ၍ နေအိမ် ရာနှင့်ချီ မီးလောင်ပြာကျ၊ ပေါက်မြို့နယ်တွင်လည်း စစ်တပ်က စစ်ကြောင်းထိုးနေ၍ ရွာပေါင်း ၂၆ ခုမှ ပြည်သူများ ထွက်ပြေးနေရ appeared first on Khit Thit Media .