ရန်ကုန်၊ ဇန်နဝါရီ ၁၇ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တောင်ကံပိုင်ရွာ ဆေးပေးခန်းကို အကြမ်းဖက် စစ်တပ်ကလေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဆေးခန်း အဆောက်အဦးများနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ပေါက်မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ပေါက်မြို့နယ် အနောက်ခြမ်း တောင်ကံပိုင်ရွာ ဆေးပေးခန်းကို အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု မရှိသော်လည်း ကျေးရွာဆေးပေးခန်း အဆောက်အဦး အပါအဝင် […] The post ပေါက်မြို့နယ်၊ တောင်ကံပိုင်ရွာ ဆေးပေးခန်းကို စစ်တပ်ကလေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဆေးခန်း အဆောက်အဦးများနှင့် နေအိမ်များ ပျက်စီး appeared first on Khit Thit Media .