ကောလင်းမြို့နယ် ချဉ်ပြစ်ခုံကျေးရွာ ဈေးတန်းကို စစ်တပ်က ဝင်ရောက်ပစ်ခတ်မှု ဈေး သည် ၁ ဦး သေဆုံး၊ ပေါက်မြို့နယ်ကိုလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၇ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ချဉ်ပြစ်ခုံကျေးရွာ ဈေးတန်းကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဈေးသည် ပြည်သူ ၁ဦး သေဆုံးခဲ့ကြောင်း Kawlin info မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်အစောပိုင်း ကောလင်းမြို့နယ် ညောင်ကိုင်းကျေးရွာဘက်မှ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချဉ်ပြစ်ခုံကျေးရွာ ဈေးတန်းကို ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့ကြောင်း၊ ထိုစစ်ကြောင်းသည် ဝန်းသိုမြို့အခြေစိုက် ခမရ ၁၁၁ နှင့် ခမရ ၁၂၀ တပ်ရင်းတို့မှ စစ်ကြောင်းထိုးလာသော စစ်တပ်စစ်ကြောင်းဖြစ်ကြောင်း သိရှိရသည်။ စစ်တပ်က ချဉ်ပြစ်ခုံဈေးတန်းအတွင်းသို့ စစ်ကြောင်းထိုးခဲ့စဉ် ဈေးရောင်းနေသော ပြည်သူ ၁ ဦး […] The post ကောလင်းမြို့နယ် ချဉ်ပြစ်ခုံကျေးရွာ ဈေးတန်းကို စစ်တပ်က ဝင်ရောက်ပစ်ခတ်မှု ဈေး သည် ၁ ဦး သေဆုံး၊ ပေါက်မြို့နယ်ကိုလည်း စစ်တပ်က လေကြောင်းတိုက်ခိုက် appeared first on Khit Thit Media .