စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်ကို စစ်တပ်အရာရှိများ လာရောက်စစ်ဆေးနေစဉ် လုံခြုံရေးကင်းယူပေးထားသော စစ်သားများကို အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၇ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်ကို အကြမ်းဖက် စစ်တပ်အရာရှိများ လာရောက်စစ်ဆေးနေစဉ် လုံခြုံရေးကင်းယူပေးထားသော စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်ကို တပ်မ ၃၃ မှ အရာရှိ များလိုက်ပါသော အိမ်စီးကား ၇ စီးဖြင့် စစ်ဆေးရန် လာရောက်စဉ် လုံခြုံရေး ကင်းယူပေးထားသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည် အရေအတွက်လည်း အတည်ပြုနိုင်ခြင်းမရှိသေးဘဲ စစ်တပ် ကင်းပုန်းကလည်း လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ […] The post စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်ကို စစ်တပ်အရာရှိများ လာရောက်စစ်ဆေးနေစဉ် လုံခြုံရေးကင်းယူပေးထားသော စစ်သားများကို အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ appeared first on Khit Thit Media .