ရန်ကုန်၊ ဇန်နဝါရီ ၁၇ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်လည်းဖြစ်၊ လူထုခေါင်းဆောင်လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် သူမဘ၀တစ်လျှောက်လုံး အကျဉ်းထောင်နှင့် နေအိမ်အကျယ်ချုပ်တို့ဖြင့် အကျဉ်းချခံခဲ့ရသည့်ကာလမှာ အချိန်ကာလ စုစုပေါင်း နှစ်ပေါင်း ၂၀ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာနိုင်ငံ၏ ရှုပ်ထွေးလှသော နိုင်ငံရေးလောကနှင့် ဝေးကွာရာ ဗြိတိန်နိုင်ငံတွင် ခင်ပွန်း၊ သား ၂ ဦးနှင့်အတူ အေးချမ်းစွာ နေထိုင်ခဲ့သူဖြစ်သည်။ ၁၉၈၈ ခုနှစ် နေမကောင်းဖြစ်နေသော မိခင်ဖြစ်သူကို ပြုစုရန် မြန်မာနိုင်ငံသို့ ပြန်လာချိန်အထိ နိုင်ငံရေးလောကနှင့်ထိတွေ့ ဆက်စပ်မှုမရှိသေးပေ။ သို့သော်လည်း သူမ၏နိုင်ငံကို အုပ်ချုပ်နေသည့် စစ်အာဏာရှင်နှင့်စစ်တပ်က လူထုဆန္ဒပြ ပွဲများကို သွေးချောင်းစီး နှိမ်နင်းခဲ့သည်ကို မျက်မြင်တွေ့ရှိခဲ့ရပြီးနောက်တွင် ဘေးထွက်ရပ်ကြည့်နေ၍ မရတော့ကြောင်း သူမ သိရှိနားလည်သွားခဲ့သည်။ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိပြီး ၁ နှစ်အကြာ ၁၉၈၉ […] The post လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျခံနေရသည့် အချိန်ကာလ နှစ်ပေါင်း ၂၀ ပြည့်ပြီ appeared first on Khit Thit Media .