အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မိုင်းပန်မြို့ကိုဗဟိုပြုလှုပ်ခတ်

Credit to Popular Journal - ရှမ်းပြည်နယ်၊ မိုင်းပန်မြို့ကိုဗဟိုပြု၍ ယနေ့ ဇန်နဝါရီ ၁၈ ရက်နံနက်ပိုင်းက ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ မိုင်းပန်မြို့၏ အနောက်တောင်ဘက်(၂၇)မိုင်ခန့်အကွာ၊ အနက်(၁၇)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး(၃ ဒသမ ၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုသည် ယနေ့ ဇန်နဝါရီ ၁၈ ရက်နံနက် ၁၂ နာရီ ၅၁ မိနစ် ၁၂ စက္ကန့်က လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ငလျင်လှုပ်ခတ်မှုကို နမ့်စန်မြေငလျင်စခန်းမှတိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။ The post အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မိုင်းပန်မြို့ကိုဗဟိုပြုလှုပ်ခတ် appeared first on Popular .