Credit to Popular Journal - အကျင့်ပျ-က်ခြစားမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ခုနှင့် ဆက်စပ်နေသောကြောင့် မလေးရှားလက်နက်ကိုင်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့၏ ဝယ်ယူရေးအစီအစဉ်များကို စည်းမျဉ်းဥပဒေများအပေါ် အပြည့်အဝလိုက်နာမှုရှိကြောင်းစစ်ဆေးတွေ့ရှိသည်အထိ ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က ပြောဆိုကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်ခဲ့သည်။ စစ်တပ်၏ ဝယ်ယူရေးစီမံကိန်းများနှင့် ဆက်စပ်သော လာဘ်စားမှုစွပ်စွဲချက်များထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး မလေးရှား အဂတိလိုက်စားမှုတို-က်ဖျ-က်ရေးကော်မရှင် (အမ်အေစီစီ) သည် လာဘ်ပေးမှုတွင် ပါဝင်ပတ်သက်သော သံသယရှိ ကုမ္ပဏီများစွာကို ဝင်ရောက်စီးနင်းခဲ့ကာ သံသယရှိသူတစ်ဦးနှင့် ၎င်း၏ မိသားစုဝင်များ ပိုင်ဆိုင်သော ဘဏ်အကောင့်ခြောက်ခုကို သိမ်းဆည်းခဲ့သည်။ အဆိုပါ လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်၍ စစ်တပ်အကြီးအကဲဟောင်းနှင့် အခြားသူ လေးဦးကို ဇန်နဝါရီလ ၈ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ စစ်တပ်အကြီးအကဲဟောင်းကို တနင်္လာနေ့တွင် ရမန်ဖြင့် ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသတွင်းမီဒီယာက သတင်းဖော်ပြခဲ့သည်။ ယင်းအမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေစဉ်အတွင်း စစ်တပ်အကြီးအကဲဟောင်း […] The post အဂတိကြောင့်မလေးရှားတပ်နှင့်ရဲ၏ ဝယ်ယူရေးအစီအစဉ်များကို ဆိုင်းငံ့ appeared first on Popular .