Credit to Popular Journal - ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ မိုးနဲမြိုနယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲအပိုင်း (၃) အောင်မြင်စွာ ကျင်းပနိုင်ရေး ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့်တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများအား ဆွေးနွေးတင်ပြခဲ့ပြီး တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ခြင်းလည်း ဖြစ်သည်။ ထို့နောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) အတွက် မဲရုံနေရာများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ The post ရှမ်းပြည်နယ် (တောင်ပိုင်း) မိုးနဲမြို့နယ်၌ ရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်နေ appeared first on Popular .