Credit to Popular Journal - မြန်မာနိုင်ငံအတွက် အမှန်တရားနှင့် တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ထုတ်ပြန် သဘောထားထုတ်ပြန်ချက်ထားသည်။ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ် မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံ ICJ တွင် မြန်မာနိုင်ငံအတွက် အမှန်တရားအတွက် ကြိုးစားဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ICJ အမှုအခင်းသည် မြန်မာနိုင်ငံအတွက် သွေးရိုးသားရိုး အမှုတစ်ခုမဟုတ်ဘဲ နိုင်ငံတော်၏ ဂုဏ်သိက္ခာ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားတို့နှင့် သက်ဆိုင်သော နိုင်ငံ့အရေးဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ ICJ မှ တရားသူကြီးများအနေဖြင့် မှန်ကန်သောတရားစီရင်ရေး ကျင့်ဝတ်ကိုစောင့်ထိန်းလျက် အမှန်တရားအတိုင်း ဘက်လိုက်မှုကင်းစွာဖြင့် ဆုံးဖြတ်နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) […] The post ICJ တွင် သွားရောက်ရင်ဆိုင်နေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ထုတ်ပြန် appeared first on Popular .