Credit to Popular Journal - ဂမ်ဘီယာနိုင်ငံ၏ စွတ်စွဲချက်အား အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌သွားရောက်ဖြေရှင်းနေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သွေးတစ်သားတည်းရပ်တည်ဟု မြန်မာနိုင်ငံသတင်းစာဆရာအသင်းမှ ယနေ့ ဇန်နဝါရီ ၁၈ ရက်ကထုတ်ပြန်ခဲ့သည်။ ယခု အမှုဖြစ်စဥ်သည် မြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့်သက်ဆိုင်နေသည့်အပြင် မြန်မာနိုင်ငံသားများအားလုံးအရေးဖြစ်၍ အမှန်တရားပေါ်ပေါက်ရန် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သွေးတစ်သားတည်းရပ်တည်လျက်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။ ထို့ပြင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့မှ မြန်မာနိုင်ငံကိုယ်စားပြုပြီး အမှန်တရားအ တွက် အစွမ်းကုန်ဆောင်ရွက်ပေးလျက်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ICJ မှတရားသူကြီးများအနေဖြင့် မွန်မြတ်မှန်ကန်သော တရားစီရင်ရေးကျင့်ဝတ်နှင့်အညီ အဆုံးအဖြတ်ပေးဟုမျှော်လင့်သည်ဟု မြန်မာနိုင်ငံသတင်း စာဆရာအသင်းက ထုတ်ပြန်ခဲ့သည်။ The post မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သွေးတစ်သားတည်းရပ်တည်ဟု မြန်မာနိုင်ငံသတင်းစာဆရာအသင်းထုတ်ပြန် appeared first on Popular .