ရန်ကုန်၊ ဇန်နဝါရီ ၁၈ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် အောင်သပြေရပ်ကွက်အုပ်ချုပ်ရေးမှူးနော်လာ၊ ရဲတပ်ဖွဲ့နှင့် Romantic စားသောက်ဆိုင်ပိုင်ရှင်အကျဲ(ခေါ်)တရုတ်မ တို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးနှင့်လောင်းကစားစင်တာ ဖွင့်လှစ်နေကြောင်း မိုးညှင်းမြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ကချင်ပြည်နယ် မိုးညင်းခရိုင်၊ မိုးညှင်းမြို့ အောင်သပြေရပ်ကွက် အများပြည်သူအသုံးပြုသည့် ပြည်သူ့အားကစား ဘောလုံးကွင်းဘေးကပ်လျက်တွင် ဖွင့်လှစ်ထားသော Romantic စားသောက်ဆိုင်တွင် မူးယစ်ဆေးဝါးလောင်းကစားမျိုးစုံ ဝိုင်း၂၀ကျော်နှင့် မူးယစ်ဆေးဝါးမျိုးစုံ ရောင်းဝယ်ဖောက်ကားမှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးနှင့် လောင်းကစားစင်တာမှာ အောင်သပြေရပ်ကွက်အုပ်ချုပ်ရေးမှူးနော်လာနှင့်ရဲတပ်ဖွဲ့တို့ကပါ ပူးပေါင်းပါဝင်ကြောင်း သိရှိရသည်။ “တစ်နေ့ကို လူငယ် ၁၀၀ ကျော်ကနေ ၂၀၀ နီးပါး ပွဲတော်ကြီးလို စည်ကားနေတာ။ အဓိက ရိုမန့်တစ်စားသောက်ဆိုင်ပိုင်ရှင် အကျဲ(ခေါ်)တရုတ်မနှင့် ညွန့်လူတို့က အောင်သပြေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနော်လာတို့ ပူးပေါင်း ဖွင့်လှစ်ကြတာ။ ဘယ်သူမှလည်း […] The post မိုးညှင်းမြို့နယ်တွင် အောင်သပြေရပ်ကွက်အုပ်ချုပ်ရေးမှူးနော်လာ၊ ရဲတပ်ဖွဲ့နှင့် စီးပွား ရေးသမားများ ပူးပေါင်းပြီး မူးယစ်ဆေးဝါးနှင့်လောင်းကစားစင်တာများစွာ ဖွင့်လှစ်နေ appeared first on Khit Thit Media .