ရန်ကုန်၊ ဇန်နဝါရီ ၁၈ ကြံ့ဖွတ်ပါတီက စစ်တပ်ကိုယ်စားလှယ်များနှင့်ပူးပေါင်း၍ အစိုးရဖွဲ့နိုင်သော လွှတ်တော်အမတ်အရေအတွက် အနိုင်ရရှိထားပြီဟု ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက ပါတီတွင်း အစည်း အဝေးများတွင် တရားဝင် ထုတ်ဖော်ပြောဆို ကြွေးကြော်နေကြောင်း ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ပြောဆိုသည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့ ပြုလုပ်ခဲ့သော ရွေးကောက်ပွဲအပိုင်း ၁ နှင့် ဇန်နဝါရီလ ၁၁ ရက်နေ့ ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ အပိုင်း ၂ တို့တွင် ကြံ့ဖွတ်ပါတီက ပြည်သူ့လွှတ်တော်အမတ်နှင့် အမျိုးသားလွှတ်တော်အမတ်နေရာ ၂၀၀ ကျော်ရရှိထားပြီဖြစ်သောကြောင့် ရွေး ကောက် ပွဲ အပိုင်း ၃ တွင် တစ်နေရာမှ အနိုင်မရရှိလျှင်တောင် စစ်တပ်ကိုယ်စားလှယ်များနှင့်ပူးပေါင်း၍ အစိုးရဖွဲ့နိုင်ပြီဟု ခင်ရီက ထုတ်ဖော်ပြောဆိုကြောင်း သိရှိရသည်။ “ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ […] The post ကြံ့ဖွတ်ပါတီက စစ်တပ်ကိုယ်စားလှယ်များနှင့်ပူးပေါင်း၍ အစိုးရဖွဲ့နိုင်ပြီဟု ခင်ရီကြွေးကြော် appeared first on Khit Thit Media .