ရန်ကုန်၊ ဇန်နဝါရီ ၁၈ ကရင်နီပြည်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်တစ်ခုမှ စစ်သုံ့ပန်းအကျဉ်းသား ၈၀ ခန့်ထောင်ဖောက် ထွက်ပြေးသွားပြီးလက်နက် ၉ လက်လည်းပါသွားကြောင်း IEC အထွေထွေအတွင်းရေးမှူး -၂ ဗညား ခွန်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁ နာရီခန့်အချိန် မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်တစ်ခုတွင် စစ်သုံ့ ပန်း အကျဉ်းသား ၈ဝ ဝန်းကျင်ခန့် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး လက်နက်ငယ် ၉ လက်ကို လည်း ယူဆောင်သွားကြောင်း၊ အကျဉ်းထောင်ဝန်ထမ်းများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးသွားခြင်း စသည်ဖြင့် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် သတင်းများမှာ မှန်ကန်မှုမရှိပါကြောင်း သိရသည်။ “ထောင်ကို ဖောက်ထွင်းပြီးတော့ ထွက်ပြေးသွားတာပါ။ တော်လှန်ရေးကာလမှာတော့ ကျနော်တို့ အ ရမ်းကာရောလုပ်လို့မရဘူးပေါ့။ […] The post မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ စစ်သုံ့ပန်း အကျဉ်းသား ၈၀ ခန့် ထောင်ဖောက် ထွက်ပြေးသွားပြီး လက်နက် ၉ လက်ပါသွား၊ ဒေသပြည်သူများ၏ လုံခြုံရေး အစီအမံများချမှတ်ထားပြီဟုဆို appeared first on Khit Thit Media .