ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရခိုင်မြောက်ပိုင်းတွင် စစ်တပ်က နယ်မြေရှင်းလင်းရေးနှင့် လူများကို အတင်း အဓမ္မ နှင် ထုတ်ခြင်းမှာ လူမျိုးသုဉ်းသတ်ဖြတ်မှု မမြောက်ဟု စစ်တပ်ကိုယ်စားလှယ်များက ICJ တရားရုံးတွင် ခုခံ လျှောက်လဲကြောင်း သိရှိရသည်။ ဇန်နဝါရီလ ၁၇ ရက်နေ့ အကြမ်းဖက်စစ်တပ်၏ ကိုယ်စားလှယ် ကိုကိုလှိုင်နှင့် ငှားရမ်းထားသော ရှေ့နေ နိုင်ငံခြားသားများက ထိုသို့ လျှောက်လဲကြခြင်းဖြစ်သည်။ အကြမ်းဖက် စစ်တပ်၏ ကိုယ်စားလှယ် ကိုကိုလှိုင်က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီမွတ်ဆလင်များမှာ ဗြိတိသျှကိုလိုနီခေတ်မှစ၍ မြန်မာနိုင်ငံသို့ ဘင်္ဂလားနယ်မှ ဝင်ရောက်လာသူများဖြစ်ကြောင်း၊ ဂမ်ဘီယာအနေဖြင့် ဤအမှုတွင် အဓိကအားပြု၍ ကိုးကားအသုံးပြုထားသည့် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ (Fact Finding Mission (FFM)) ၏ အစီရင်ခံစာများနှင့် ၎င်းက စုဆောင်းကောက်ယူထားသည့် ထွက်ဆိုချက်များသည် တရားရုံးက […] The post ရခိုင်မြောက်ပိုင်းတွင် စစ်တပ်က နယ်မြေရှင်းလင်းရေးနှင့် လူများကို အတင်း အဓမ္မ နှင်ထုတ်ခြင်းမှာ လူမျိုးသုဉ်းသတ်ဖြတ်မှု မမြောက်ဟု စစ်တပ်ကိုယ်စားလှယ်များက ICJ တရားရုံးတွင် ခုခံ လျှောက်လဲ appeared first on Khit Thit Media .