Credit to Popular Journal - မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သဗ္ဗညုဘုရားကြီးအား တရုတ်ပညာရှင်အဖွဲ့က ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ သဗ္ဗညုဘုရားကြီး၏နံရံရှိ ထုံးသားလွှာများ သန့်စင်ရာမှ နံရံဆေးရေးပန်းချီများ ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း သိရသည်။ ယခင်က သဗ္ဗညုဘုရားကြီး၏ အနောက်ဘက် အဝင်မုခ်မျက်နှာကြက်တွင်သာ နံရံပန်းချီရှိကြောင်း သိရသည်။ ယခုအခါ တရုတ်ပညာရှင်အဖွဲ့က ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်ရာတွင် သဗ္ဗညုဘုရားကြီး၏နံရံရှိ ထုံးသားလွှာများအောက်တွင် နံရံဆေးရေးပန်းချီ ရှိ/မရှိကို စမ်းသပ်ရာအစိတ်အပိုင်းငယ်နေရာ (၄၀) အား သန့်စင်ရာမှ တတိယထပ် အာရုံခံတောင်ဘက်နံရံနှင့် တတိယထပ်တိုက်မအဝင် မုခ်ပေါက်ဘေးနံရံ (၂) နေရာ၌ နံရံဆေးရေးပန်းချီများရှိကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ ၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ဒ-ဏ်ကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ သဗ္ဗညုဘုရားကြီးအား တရုတ်ပညာရှင်အဖွဲ့နှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ထိန်းသိမ်းရေးဌာနစု […] The post သဗ္ဗညုဘုရားကြီးနံရံရှိ ထုံးသားလွှာများအောက်တွင် နံရံဆေးရေးပန်းချီများ ဖော်ထုတ်တွေ့ရှိ appeared first on Popular .