တောင်တွင်းကြီးမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းကို လိုက်လံစုံစမ်းနေပြီး စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော စိုးလှိုင် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၈ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းကို လိုက် လံစုံစမ်းနေသော စစ်တပ် ဒေါက်တိုင် စိုးလှိုင်ကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း မကွေးတောင်တွင်းကြီးအထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ခံ ကိုချောင်ဖုန်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်း တောင်တွင်းကြီးမြို့နယ်၊ သစ်ခုတ်ကွင်းရွာတွင် နေထိုင်သော စစ်တပ် ဒေါက်တိုင် စိုးလှိုင်သည် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းကို လိုက်လံ စုံစမ်းနေစဉ် ရွာချင်းဆက် လမ်းပိုင်းတနေရာ၌ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သော စိုးလှိုင်ကို တော်လှန်ရေးတပ်ဖွဲ့များက စစ်တပ်ထံ သတင်းပေးခြင်း မပြုလုပ်ရန် သွားရောက်တွေ့ဆုံ၍ အကြိမ်ကြိမ် သတိပေးပြောဆိုခဲ့သော်လည်း လိုက်နာခြင်းမရှိကြောင်း၊ […] The post တောင်တွင်းကြီးမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းကို လိုက်လံစုံစမ်းနေပြီး စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော စိုးလှိုင် ပစ်ခတ်ခံရပြီး သေဆုံး appeared first on Khit Thit Media .