By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇန်နဝါရီ ၁၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ကြံ့ဖွတ်ပါတီက စစ်တပ်ကိုယ်စားလှယ်တွေနှင့်ပူးပေါင်းပြီး အစိုးရဖွဲ့နိုင်တဲ့ လွှတ်တော်အမတ်အရေ အတွက် အနိုင်ရရှိထားပြီလို့ ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက ပါတီတွင်း အစည်း အဝေးတွေမှာ တရားဝင် ထုတ်ဖော်ပြောဆို ကြွေးကြော်နေတယ်လို့ ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့ကာကွယ်ရေး တပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်ကို အကြမ်းဖက် စစ်တပ်အရာရှိတွေ လာရောက်စစ်ဆေးနေချိန် လုံခြုံရေးကင်းယူ ပေးထား တဲ့ စစ်သားတွေကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိ တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင်ဂိတ်မှာ အကြမ်းဖက် စစ်တပ်ရဲ့ ဗိုလ်ကြီးကျော်ဇင်အောင်က […] The post Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် appeared first on Khit Thit Media .