Credit to Popular Journal - အခေါက်ရွှေတစ်ကျပ်သား သိန်း ၁၀၀ နီးပါးအထိ မြင့်တက်လာခြင်းကြောင့် ရွှေဆိုင်အချို့ အရောင်းအဝယ်ရပ်ထားကြောင်း ရွှေဆိုင်များမှ စုံစမ်းသိရှိရသည်။ ယနေ့ ဈေးကွက်ထဲတွင် နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၄၀၇၀ ပေါက်ဈေးရှိနေသကဲ့သို့ ကမ္ဘာ့ရွှေဈေးသည်လည်း တစ်အောင်စလျှင် ၄၅၉၆ ဒေါ်လာဝန်းကျင် ရှိနေကာ ပြည်တွင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ငွေကျပ် (၉,၈၇၀,၀၀၀) သိန်းစျေးဝန်းကျင်အထိ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ အဆိုပါ ရွှေဈေးနှုန်းသည် သမိုင်းတလျှောက်စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ဆိုင်အချို့ အရောင်းအဝယ်ရပ်နားထားရခြင်းဖြစ်သည်။ “ရွှေဈေးက မတရားတတ်နေတော့ ပြန်ရောင်းတဲ့သူကများလာတယ်။ အဝယ်မရှိဘူးပေါ့။ အခုဆို ဆိုင်တောင်ပိတ်ထားရတယ်။ အရောင်းအဝယ်ခဏနားထားရတယ်။ ဆိုင်အတော်များများက ပိတ်ထားကြတယ်။ ဒီတစ်ခေါက်က စံချိန်အတင်ဆုံးပဲ ရွှေဈေးက” ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချရန် ညွှန်ကြားထားကြောင်း၊ထို့ပြင် ရွှေတစ်ကျပ်သား သိန်း ၁၀၀ နားရောက်ချိန်ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး […] The post ရွေဈေးမြင့်တက်လာခြင်းကြောင့် ရွှေဆိုင်အချို့ အရောင်းအဝယ်ရပ်နားထား appeared first on Popular .