Credit to Popular Journal - ကရင်ပြည်နယ်လွှတ်တော်၌ ရွေးကောက်ပွဲပြီးချိန်တွင် တတိယအကြိမ် ပြည်နယ်လွှတ်တော်အစည်းအဝေးများကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်ထားမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးမှ ယနေ့ ဇန်နဝါရီ ၁၈ ရက်နံနက်ပိုင်းကကြည့်ရှုစစ်ဆေးခဲ့သည်။ ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမအား ကြိုတင်ပြင်ဆင်ထားမှု၊ လွှတ်တော်ကိုယ်စားလှယ်များထံဖြန့်ဝေမည့် ဥပဒေ၊ နည်းဥပဒေများ၊ သတင်းမီဒီယာခန်းမ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ နားနေခန်း၊ စားသောက်ခန်း၊ အစည်းအဝေးခန်း၊ ဧည့်ခန်း၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌရုံးခန်း၊ ရေးရာကော်မတီရုံးခန်းများ၊ လွှတ်တော်စာကြည့်တိုက်၊ သင်တန်းခန်းမနှင့် ပြည်နယ်လွှတ်တော်ရုံးရှိ ဌာနခွဲ (၂) ခု၊ ဌာနစု (၁၀) စု၏ ရုံးခန်းများနှင့် လုပ်ငန်းဆောင်ရွက်ပုံများကိုကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့ပြင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များတည်းခိုနိုင်ရေးအတွက် ကရင်ပြည်နယ်လွှတ်တော်ရိပ်သာ၏ master bedroom ၁၀ ခန်း၊ စားသောက်ခန်း၊ ဧည့်ခန်းများ ပြင်ဆင်ထားမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ဥပဒေပြုရေးနှင့်လွှတ်တော်အစည်းအဝေးများ စနစ်တကျကျင်းပနိုင်ရေး၊ ဝန်ထမ်းများလုပ်ငန်းကျွမ်းကျင်မှုနှင့် အရည်အသွေးမြင့်မားရေးအတွက် စီမံဆောင်ရွက်ထားရှိမှုတို့ကို ပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူးကရှင်းလင်းတင်ပြခဲ့သည်။ The post ကရင်ပြည်နယ်လွှတ်တော်အား ပြည်နယ်ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး appeared first on Popular .