Credit to Popular Journal - သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးရှိ ငြိမ်းချမ်းရေးခေါင်းလောင်းတော်အားထိုးခတ်ပူဇော် နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်မွန်းလွဲပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်ရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး၊ အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးနှင့် မဟာမြတ်မုနိဘုရားကြီးတို့ကိုဖူးမြော်ကြည်ညိုခဲ့သည်။ နိုင်ငံတော်ယာယီသမ္မတသည် ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်းတည်ထားကိုးကွယ်မည့် လောကသရဖူစေတီတော်မြတ်ကြီးတည်ဆောက်ရေးလုပ်ငန်းများကိုကြည့်ရှုစစ်ဆေးပြီး ရေယိုစိမ့်ခြင်း၊ ရေတိုက်စားခြင်းများမဖြစ်စေရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ်ကပင် ရေဝင်၊ ရေထွက်နှင့် ရေထုတ်စနစ်များ စနစ်တကျဖြစ်စေရေးတွက်ချက်ဆောင်ရွက်ရန်၊ ရာသီဥတုဒ-ဏ်ခံနိုင်ရေးနှင့် သဘာဝဘေး၊ ငလျင်ဘေး အန္တရာယ်များအတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်စံနှုန်းရှိစေရေးအတွက်တွက်ချက်တည်ဆောက်ရန်မှာကြားသည်။ ထို့ပြင် တည်ဆောက်ရေးလုပ်ငန်းဧရိယာ တောင်စောင်းများပေါ်၌ သစ်ပင်များကိုစနစ်တကျပြန်လည်စိုက်ပျိုးရန်၊ ရင်ပြင်တော်ပေါ်၌ နေပူခံကျောက်ပြားများခင်းကျင်းရာ၌ ဒီဇိုင်းရေးဆွဲပြီးမှသာ စနစ်တကျခင်းကျင်းရန်လည်း မှာကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတမှ ဗုဒ္ဓဥယျာဉ်တော်အတွင်း သာသနိကအဆောက်အဦးများတည်ဆောက်ထားရှိမှု၊ ဗုဒ္ဓမြတ်စွာဘုရား၏ ဖြစ်တော်စဉ် ဖွားပွင့် ဟောစံ […] The post ကျိုင်းတုံမြို့ရှိ စေတီတော်များကို နိုင်ငံတော် ယာယီသမ္မတဖူးမြော် appeared first on Popular .