သထုံမြို့နယ်၊ တက်တူကုန်းရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးနှိပ်စက်ကာ နေအိမ်များပါ ဖောက်ထွင်း၍ ပစ္စည်းများနှင့် ငွေကြေးများကို ခိုးယူ လုယက်သွား

ရန်ကုန်၊ ဇန်နဝါရီ ၁၈ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တက်တူကုန်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးနှိပ်စက်ကာ နေအိမ်များပါ ဖောက်ထွင်း၍ ပစ္စည်းများနှင့် ငွေကြေးများကို ခိုးယူ လုယက်သွားကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တက်တူကုန်းကျေးရွာအတွင်းကို ဝင်ရောက်စီးနင်းကာ ကျေးရွာအတွင်း၌ တပ်စွဲထားစဉ် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်တပ်က တက်တူကုန်းရွာအတွင်း ဆက်လက် နေထိုင်နေစဉ် နေအိမ်တချို့နှင့် ဈေးဆိုင်တချို့ကို ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်ပစ္စည်းများနှင့် ငွေကြေးများကို လုယက်ခိုးယူခဲ့ကြောင်း သိရှိရသည်။ ထိုအကြမ်းဖက် စစ်တပ်သည် တက်တူကုန်းရွာအတွင်းမှ အသက် […] The post သထုံမြို့နယ်၊ တက်တူကုန်းရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးနှိပ်စက်ကာ နေအိမ်များပါ ဖောက်ထွင်း၍ ပစ္စည်းများနှင့် ငွေကြေးများကို ခိုးယူ လုယက်သွား appeared first on Khit Thit Media .